စောင့်နေမှာစိုး
အသက် ၄၀ အပျိုကြီးတစ်ယောက် သတင်းစာထဲမှာ ကြော်ညာထည့်သည်
"အားကိုးအားထိုက်ပြုလောက်သော ခင်ပွန်းအလိုရှိသည်
၁။ အရက်မသောက်ရ
၂။ဆေးလိပ်မသောက်ရ
၃။မိန်းမမလိုက်စားရ
၎။ဖဲမရိုက်ရ
၅။အသက် ၄၅ထက်မကြီးရ
၆။လူပျိုဖြစ်ရမည်
အထက်ပါအချက်လက်များပြည့်စုံပါက အောက်ပါလိပ်စာအတိုင်းဆက်သွယ်ပါ"
xxxxxxxx
နောက်နေ့မနက်ရောက်တော့ အိမ်ရှေ့မှာ တံခါးလာခေါက်သည်။
ဖွင့်ကြည့်လိုက်တော့ အရက်ကို အလွန်အကျွံမူးနေအောင်သောက်ထားသောသူတစ်ယောက်ဖြစ်နေသည် ပါးစပ်တွင်ဆေးပေါလိပ်ခဲထားသည်။
အပျိုကြီးက မေးလိုက်သည်
ဘာကိစ္စတုန်း
အာလေးရှာလေးနဲ့အမူးသမားပြန်ဖြေသည်
ဒီလိုပါ ကျုပ်သတင်းစာထဲမှာ ခင်ဗျားကြော်ညာတွေ့လို့လာခဲ့တာပါ
အပျိုကြီးက ၀မ်းသာအားရနှင့်
အပျိုကြီး - ရှင်!!!!!!! ဟုတ်လား ဒါဆိုရှင်က အရက်မသောက်တတ်ဘူးပေါ့
အမူးသမား - မှောက်သွားတဲ့ထိသောက်တယ်
အပျိုကြီး - ဟင် ... ဒါဆို ဆေးလိပ်မသောက်တတ်ဘူးပေါ့
အမူးသမား - ခုတောင်ခဲထားတာမတွေ့ဘူးလား မပြတ်တမ်းသောက်တယ်
အပျိုကြီး - ဒါဆို ဖဲမရိုက်တတ်ဘူးပေါ့
အမူးသမား - အခုပဲဖဲဝိုင်းက ထလာတာ
အပျိုကြီး - မိန်းမတော့ မလိုက်စားတတ်လောက်ပါဘူး
အမူးသမား - သူငယ်ချင်းမိန်းမတောင်မရှောင်ဘူး
အပျိုကြီး - အသက်ကတော့ ၄၅နှစ်မကျော်သေးပါဘူးနော်
အမူးသမား - ၅၀ပြည့်တော့မယ် လပိုင်းပဲလိုတော့တယ်
အပျိုကြီး - ဒါဆို လူပျိုတော့ဟုတ်တယ်မလား
အမူးသမား - မိန်းမ ယူတာ နှစ်ယောက်ရှိပြီ ကွာရှင်းထားတာခုက
အပျိုကြီး - ဒါဆို ဘာလို့လာနေသေးတာလဲ သေနာကျရဲ့ %^&*$%$#
အမူးသမား - ကျုပ်ကိုမမျှော်လင့်နဲ့လို့လာပြောတာ ဟဲဟဲ
Unknown
Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.
0 comments:
Post a Comment